စနေထွန်း

စနေထွန်း
ks

Thursday, January 13, 2011

အစတော့

အစတော့ သူငယ်ချင်း
ခုများတော့ချစ်သူ
ချစ်ကြစဉ်က ချစ်ကြပါတယ်
ဒီကောင်သာလျှင် သူဘဝ
ချိုမိန်ပါလွန်းတဲ့ သူ့စကားရယ်
ခုများတော့လည်း
ရက်စက်တဲ့စကားတွေရယ်
ထိုနှုတ်ခမ်းက
သူဆိုလေပြီ
ထို့အတူgood byeရယ်လို့
သူနူတ်ဆက်လေပြီ..

ပန်း

ပန်းတွေပွင့်တာ မင်းပန်ဖို့ပါ
လှပကျော့ရှင်း ဆံနွယ်ရင်းမှာမင်းပန်ရင်ဖြင့်
လှသထက်
လှအောင် သူတို့ကူမပေါ့
ပန်းတို့ချစ်တဲ့ ပန်းချစ်သူရယ်

Saturday, January 8, 2011

Fwd: ခရစ်သက္ကရာဇ် ၂၀၁၀ မြန်မာမော်ဒန်ကျောက်စာ

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်

၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင်
စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ
ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ်
ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့်
အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ်
သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု
အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင်
တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း
များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ
မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့
နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့)
သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ
လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည်
အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက
“အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။
ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွတ်
ပါနှင့်။

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ)
ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည်
သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

မိတ်ဆွေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။

Fwd: ကောင်လေးတွေကိုခွင့်လွှတ်သင့်တဲ့အချက်(၁၀)ချက်

၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။
ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ…
သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့
သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား "သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင် လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။

Fwd: အားလုံးကို ဖတ်ကြည့်သွားပါ မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။

တရုတ်လူမျိုးတို့ ၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။
သင်ယုံချင်မှ ယုံပါလိမ့်မည်။
သို့ သော် ယင်းတို့ သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။
အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။


၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ
ပေးကမ်းလိုက်ပါ။

၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို
့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။

၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။

၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။

၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို
ကြည့်ပြီးမှပြောပါ။

၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။

၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။

၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ
ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်
အများကြီးမအောင်မြင်နိုင်။

၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်
စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး
ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။

၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။

၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။

၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။

၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ
နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။

၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။

၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို
မထိခိုက်ပါစေနှင့်။

၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။

၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။

၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။



( Oct., 2008 ,,Global English Magazine
--




--
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။







--
စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။
စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

( ဘာသာရေး ) ရည်စူးကုသိုလ်

ရည်စူးကုသိုလ်

အရှင်ဘုရား…..
သေဆုံးသူကိုရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။

ဦးမောင်လှေ။အလုံမြို့နယ်။


ဒကာကြီးဦးမောင်လှရဲ့မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ လအတော်ကြာလောက်က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို ချက်ချင်းသတိရလိုက်မိပါတယ်။

မတော်တဆမှုတစ်ခုနဲ့ ရုတ်တရက်သေဆုံးသွားခဲ့ရတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦး အကြောင်းပါ။

သေပြီးနောက် သူ့အမတစ်ယောက်ရဲ့ဝမ်းမှာ ယောင်္ကျားလေးတစ်ယောက်အဖြစ်နဲ့ပဲ ပြန်ဝင်စားလို့ အရွယ်တောင် အတော်လေးရောက်နေပါပြီ။
သူ့မိခင်က သေသွားတဲ့သူ့သား သူ့မြေးအဖြစ် သူတို့ဘ၀ထဲ ပြန်ဝင်ရောက်လာတာကို
အထောက်အထားခိုင်လုံစွာ သိပါလျက် ခုချိန်ထိ သူ့သားအတွက် ရည်စူးပြီး ကုသိုလ်ပြု။ အမျှဝေနေတုန်းပါပဲတဲ့။
တကယ်တော့ သေသွားသူက လူသားတစ်ဦး ပြန်ဖြစ်နေပြီဆိုတာ အတိအကျ သိနေမှတော့
သူအတွက် ရည်စူးပြီး ကုသိုလ်ပြုအမျှပေးဝေနေစရာ မလိုတော့ပါဘူး
ပြုပေးလည်း သူ့အတွက် ဘာမှအကျိုးမပြီး အချည်းအနှီးပါပဲ။

ကုသိုလ်မပြုရဘူးလို့ မဆိုလိုပါဘူး။ ကုသိုလ်ဆိုတာကတော့ ဘာအကြောင်းကြောင့်မဆို ပြုရမှာပေါ့။
သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး၊ ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။

ဒါပေမဲ့ သေသွားတဲ့သူက လူပြန်ဖြစ်နေပြီဆိုရင် သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူခံစားခွင့် မရှိတော့ဘူးလို့ ဆိုလိုပါတယ်။

လူဝင်စားက သူ့အတွက် ကုသိုလ်ပြုပေးမှန်း သိပြီး သာဓုခေါ်ရင် ကုသိုလ်တော့ရမှာပေါ့။ ကုသုလ်အကျိုးတော့ ချက်ချင်းလက်ငင်း ခံစားခွင့်မရှိပါဘူး။
ရဟန္တာပုဂ္ဂိုလ်များမှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးသွားရင် လားရောက်ရမယ့်ဘ၀ ငါးမျိုးရှိပါတယ်။

ဂတိငါးပါးပေါ့။ လူ့ဘ၀၊ နတ်ဘ၀၊ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ဆိုပြီးတော့ ဘ၀ငါးမျိုး တစ်မျိုးမျိုးကို လားရောက်ရပါတယ်။

ဗြဟ္မာဘ၀က နတ်ဘ၀ထဲမှာ၊ အသူရကာယ်ဘ၀က ပြိတ္တာဘ၀ထဲမှာ အကျုံးဝင်ပါတယ်။

ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိအားလျော်စွာ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ ကောင်းရာ သုဂတိဘ၀တွေကို လားရောက်ရပြီး

အကုသိုလ်နဲ့ သေတဲ့သူက အကုသိုလ်သတ္တိအားလျော်စွာ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိဘ၀တွေကို လားရောက်ရပါတယ်။
သေလွန်ပြီးတဲ့နောက်…
ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ်၊ နတ်ဖြစ်သွားတယ်ဆိုရင်၊
ဒါမှမဟုတ် အကုသိုလ် အကျိုး ပေးကြောင့် ငရဲကျသွားတယ်၊ တိရစ္ဆာန်ဘ၀ဖြစ်သွားတယ်ဆိုရင်
ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့အကျိုး ကို သူလုံးဝခံစားခွင့် မရှိတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက်ရည်စူးပြီး ကုသိုလ်ပြုနေတာကို သူလုံးဝ မသိနိုင်တော့လို့ပါပဲ။

တကယ်လို့ …

အကုသိုလ်အကျိုးပေးတစ်ခုခုကြောင့် ပြိတ္တာဘ၀ ရောက်သွားမယ်ဆိုရင်တော့

ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့အကျိုးကို အကြောင်းညီညွတ်မယ်ဆိုရင် သူအပြည့်အ၀ခံစားခွင့်ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ပြုနေတာကို အကြောင်းညီညွတ်ရင် သူသိနိုင်လို့ပါပဲ။
ပြိတ္တဘုံဘ၀ရောက်တိုင်းလည်း ရည်စူးကုသိုလ်ရဲ့ အကျိုးကို ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။

ထမင်းဆာလောက်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ရဲ့ နှိပ်စက်မှုဒဏ်ကို အမြဲမပြတ် ခံနေရတဲ့ “အငတ်ခံပြိတ္တာ” (ခုပ္ပိပါသိကပြိတ္တာ)။
ပူပြင်းတဲ့မီးတောင်မီးလျှံတွေရဲ့ လောက်ကျွမ်းဝါးမြိုက်မှုဒဏ်ကိုအကြားမလပ်ခံနေရတဲ့“အလောင်ခံပြိတ္တာ” (နိဇ္ဈာမတဏှိကပြိတ္တာ)

အသူရကာယ်လို့ သီးခြားခေါ်တဲ့ “အကြီးစားပြိတ္တာ” (ကာလကဉ္စိကပြိတ္တာ)တွေဟာ ....ပြိတ္တာဖြစ်ပေမဲ့ ရည်စူးကုသိုလ်ရဲ့ အကျိုးကို ဘာမှခံစားခွင့် မရှိပါဘူး။
သူတစ်ပါးတို့ပေးတဲ့ အစားအစာကို အမှီပြပြီး အသက်ရှင်နေတဲ့ “အပေးခံပြိတ္တာ”(ပရဒတ္တုပဇီဝိကပြိတ္တာ) တစ်မျိုးတည်းသာ

ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့အတွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ခံစားခွင့်ရှိပါတယ်။

ဒီအပေးခံပြိတ္တာမျိုးကို “ဝေမာနိကပြိတ္တာ”(ဗိမာန်ရှင်ပြိတ္တာ) လို့ အများက သိကြပါတယ်။


ရည်စူးကုသိုလ်တစ်ခုက အရည်းစူးခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြုနိုင်ဖို့အတွက် အင်္ဂါရပ်ငါးချက်နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
(၁) အလှူခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလ စတဲ့ သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ရမယ်၊

(၂) အလှူပေးပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီကုသိုလ်ဟာ တမလွန်ဘ၀ပြောင်းသွားတဲ့ ဘယ်သူ့အတွက်ရည်စူးပါတယ် လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ်၊
(၃) လှူဖွယ်ပစ္စည်း အမျိုးအစား စုံလင်ရမယ်။

(၄) အလှူပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်း ပေးဝေရမယ်၊
(၅) တမလွန်ဘ၀မှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ်၊

ဒီအင်္ဂါရပ်ငါးချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နက်

အလှူပွဲမှာ ပါဝင်လှူဒါန်းထားတဲ့ပစ္စည်းတွေနဲ့ နာမည်သာတူပြီး အမျိုးအစားအလွန်ကောင်းမွန်၊ အရေအတွက်အဆများစွား သာလွန်တဲ့ ပစ္စည်းပေါင်းများစွာကို

တမလွန်ဘ၀က အရည်စူးခံပုဂ္ဂိုလ် သေချာပေါက် ရရှိခံစားရပါတော့တယ်၊ `အမည်တူ`အမျိုးကောင်း ပစ္စည်းတွေကို အဆတိုး ခံစားရတယ်ဆိုပါတော့
“ အမည်တူ” လို့ ဆိုထားတဲ့အတွက် ဒီက အစားအစာပေးလှူပြီး အမျှဝေရင် ဟိုမှာ အစားအစာ ပြည့်စုံသွားပါတယ်။
ဒီက အ၀တ်အထည်ပေးလှူပြီး အမျှဝေရင် ဟိုမှာ အ၀တ်အထည် ပြည့်စုံသွားပါတယ်။
အစားအစာ ပေးလှူရုံနဲ့ အ၀တ်အထည်ပါ မပြည့်စုံနိုင်သလို အ၀တ်အထည်ပေးလှူရုံနဲ့ အစားအစာပါ မပြည့်စုံနိုင်ပါဘူး။
ဆွမ်းသာလှူပြီး ရေမလှူရင်တောင် အစားသာရှိပြီး ရေငတ်နေတတ်ပါတယ်။
ဒါ လှူပေးမှ ဒါ ရသွားတဲ့ သဘောရှိတာမို့ လှူဖွယ်ပစ္စည်း အမျိုးအစား စုံလင်ဖို့ သိပ်အရေးကြီးပါတယ်။

သေလွန်သူကို ရည်စူးတဲ့ အလှူပွဲတစ်ခုမှာ --

အောက်ထစ်ဆုံးအားဖြင့် စားစရာအတွက် ဆွမ်းတစ်ပန်းကန်၊ သို့မဟုတ် မုန့်တစ်ခု၊ သောက်စရာအတွက် ရေတစ်ဖန်ခွက်၊

ဝတ်ရှုံစရာ အ၀တ်အထည်အတွက် လက်သုတ်ပ၀ါတစ်ထည်၊ သို့မဟုတ် လက်ကိုင်ပ၀ါ တစ်ထည်၊

ခိုစရာ ဆောင်းစရာ အဆောက်အအုံအတွက် ထီးတစ်လက်၊ သို့မဟုတ် ယပ်တောင်တစ်ချောင်း၊

စီးနင်းသွားစရာ ယာဉ်အတွက် ဖိနပ်တစ်ရံ၊ အနည်းဆုံး လှူဖွင့်ပစ္စည်းငါးမျိုးပါဝင်ရပါမယ်။

ဒါမှ စားရေး၊ သောက်ရေး၊ ၀တ်ရေး၊ နေရေး။ သွားလာရေး အဆင်ပြေသွားမှာပါ။
ကျန်းမာရေးပါ ပြည့်စုံသွားအောင် လျက်ဆားတစ်ထုတ်လောက် ထည့်ချင်ထည့်လိုက်ပါဦး။
မိမိကို ရည်စူးပြီးပြုတဲ့ အလှူဒါနအမျှအတန်းကို သာဓုခေါ်တဲ့ ပြိတ္တာတစ်ဦးဟာ ပြိတ္တာဘ၀က ကျွတ်လွတ်ထိုက်တဲ့ ကံပါရင်
သာဓုခေါ်ပြီးတာနဲ့ တစ်ပြိုင်နက် ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ကံအားလျော်စွာ နတ်ပြည့်၊ လူ့ပြည် ရောက်သွားနိုင်ပါတယ်။
ကျွတ်လွတ်ထိုက်တဲ့ကံ မပါသေးဘူးဆိုရင်တော့ ပြိတ္တာဘ၀မှာပဲ ကျန်ရစ်သူလူတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေနဲ့
အလားတူ အမည်တူ၊ အမျိုးကောင်း၊ အဆတိုး ပစ္စည်းတွေကို သုံးဆောင်ခံစားခွင့် ရသွားပါတယ်။

ဒီနေရာမှာ အထူးသတိပြုစရာတစ်ခုကတော့ ရည်စူးကုသိုလ်ပြုကြတဲ့ ကုသိုလ်ရှင်တွေရဲ့ စိတ်အစဉ်မှာ ပူပင်သောက ကင်းရှင်းနေဖို့ပါပဲ။

သောကတွေ၊ မျက်ရည်တွေနဲ့ ပူလောင်နေတဲ့ ရည်စူးကုသိုလ်ဟာ ရည်စူးသူထံရှောရှောရှူရှူရောက်ဖို့ သိပ်မသေချာလှပါဘူး။

တကယ်လို့ ရောက်ခဲ့ရင်လည်း အရည်အသွေး ညံ့ညံ့ပဲ ရောက်သွားမှာပါ။
ကုသိုလ်ပြုစဉ်မှာ သေလွန်သူအပေါ် စွဲလမ်းတွယ်ငြိတဲ့ သံယောဇဉ်နဲ့
စိတ်နှလုံးပူလောင်နေမယ်၊ မျက်ရည်ကျ၊ ငိုကြွေးနေမယ် ဆိုရင်
ကိုယ်ပြုတဲ့ကုသိုလ်ဟာ အရည်အသေး ညံ့ဖျင်းတဲ့ကုသိုလ်၊ အကုသိုလ်ခြံရံတဲ့ကုသိုလ်၊ ကုသိုလ်အပူပဲ ဖြစ်ပါလိမ့်မယ်။
ကိုယ်ရထားတဲ့ ကုသိုလ်ကိုပဲ သေလွန်သူထံ ပို့ပေးရတာမို့ ...
သေလွန်သူရတဲ့ ကုသိုလ်ဟာလည်း အညံ့စားကုသိုလ်၊အပေါစားကုသိုလ်၊ အပူစားကုသိုလ်ပဲ ဖြစ်နေတော့မှာပေါ့။
ရတဲ့ကုသိုလ်က ညံ့နေ၊ ပေါနေ၊ ပူလောင်နေမှတော့ ခံစားရတဲ့ အကျိုးတရားတွေကလည်း ညံ့နေ၊ ပေါနေ၊ ပူလောင်နေမှာပါပဲ။
ဒါဆိုရင် ရည်စူးကုသိုလ်ပြုရင်း ၀မ်းနည်းပူဆွေး ငိုကြွေးနေတာဟာ သေလွန်သူကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်ပါတယ်။

ကိုယ့်မှာ ကုသိုလ်ကောင်းကောင်းရှိမှ သူတစ်ပါးကိုလည်း ကုသိုလ်ကောင်းကောင်း ပေးနိုင်မှာမို့ သေလွန်သူထံ ရည်စူးကုသိုလ် ကောင်းကောင်းပို့ပေးလိုသူတိုင်း

ကုသိုလ်ပြုနေစဉ်မှာ တွယ်ငြိစွဲလမ်း အသည်းကျွမ်းမှုတွေ၊ ၀မ်းနည်းပူဆွေး ငိုကြွေးမှုတွေ ကင်းနိုင်သမျှ ကင်းရှင်းအောက် အထူးသတိထားကြရပါမယ်။
သေလွန်သူကို ကောင်းကျိုးချမ်းသာတွေ ပြည့်စုံစေချင်တဲ့ မေတ္တာဓာတ်၊
ဆင်းရဲဒုက္ခတွေ လွတ်မြောက်စေချင်တဲ့ ကရုဏာဓာတ်၊
ကုသိုလ်ကံရဲ့ စွမ်းရည်သတ္တိကို မမှိတ်မသုတ်ယုံကြည့်တဲ့ သဒ္ဓါဓာတ်၊
ကုသိုလ်ကံကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်တဲ့
ပညာဓာတ်၊ မေတ္တာ ကရုဏာ၊ သဒ္ဓါ၊ ပညာ … သူတော်ကောင်းဓါတ်တွေနဲ့ စိတ်နှလုံး အေးချမ်းစွာ ပြုတဲ့ ရည်စူး ကုသိုလ်မျိုး ဖြစ်ရပါမယ်။

အကုသိုလ်မခြံရံတဲ့ အရည်အသွေးမြင့် ကုသိုလ် အေးအေးလေးတွေကသာ

ရည်စူးသူကို ရည်စူးတဲ့ ကောင်းကျိုးချမ်းသာတွေ အပြည့်အ၀ ရရှိစေနိုင်တာမို့ သေလွန်သူကို အကောင်းဆုံးလက်ဆောင် ပေးပြီး

ကျေးဇူးပြုလို၊ ကျေးဇူးဆပ်လိုသူတိုင်း ရည်စူးကုသိုလ်ပြုနေစဉ်တစ်လျှောက်လုံး ကိုယ့်စိတ်ကိုယ် ကြည်လင်အေးချမ်းအောင် ပြုပြင်တည်ဆောင်ထားသင့်ပါတယ်။

မြတ်စွာဘုရားလက်ထက်တုန်းက သုဝဏ္ဏဘူမိဘက်ကို ရေကြောင်းခရီးကနေ အရောင်းအ၀ယ်ထွက်လာတဲ့ သာဝတ္ထိမြို့သား ကုန်သည်တစ်စု
သမုဒ္ဒရာ အလယ်မှာ လေမုန်တိုင်းဒဏ်မိပြီး ကျွန်းငယ်တစ်ကျွန်းပေါ် ဆိုက်ရောက်သွားပါတယ်။
ကျွန်းအလယ်က ဆန်းကြယ်လှပတဲ့ ဗိမာန်တစ်လုံးထဲမှာ ဆံပင်ဖားလျားချထားတဲ့ အမျိုးသမီးတစ်ယောက် ခိုအောင်းနေတာတွေ့တဲ့အတွက်
အပြင်ဘက် ထွက်လာဖို့ ကုန်သည်တစ်ယောက်က လှမ်းခေါ်လိုက်ပါတယ်။

“ နားနဲ့မနာ ဖ၀ါးနဲ့နာပါဦးရယ်၊ ကျွန်မမှာ ၀တ်စရာအ၀တ်လုံးဝ မရှိလို့ ကိုယ်တုံးလုံးဖြစ်နေပါတယ်၊

  ကျွန်မတစ်ကိုယ်လုံးကို ဆံပင်တွေနဲ့ပဲ ဖုံးထားရပါတယ်ရှင်၊ ရှက်လွန်းလို့ ကျွန်မ အပြင်မထွက်ဝံ့တာ ခွတ်လွှတ်ပါနော်”
“ ဒါဆို ကျွန်တော်ပုခုံးပေါ်က ဟောဒီ အပေါ်ရုံအ၀တ် အရှင်မကို ပေးပါတယ်၊ ရော့ … ယူပါ၊ ဒီအ၀တ်ကို ၀တ်ပြီး ခဏလောက် အပြင်ထွက်ခဲ့ပါခင်ဗျာ”

“ ဦးရဲ့ ကြင်နာမှု၊ ကူညီမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် ဦးရယ်၊

  ဒါပေမဲ့ ကျွန်မတို့လို တမလွန်သူတွေက ဦးတို့လို လူတွေက ပစ္စည်းတစ်ခုခုပေးချင်ရင် အဲဒီလို တိုက်ရိုက်ကြီး ပေးလို့မရဘူးလေ ဦးရဲ့၊

  ပေးတဲ့သူက ပေးလည်း ကျွန်မတို့က လုံးဝ ယူလို့မရဘူး”
“ဦးရဲ့အ၀တ် ကျွန်မကို ပေးချင်တယ်ဆိုရင် ဦးတို့ သင်္ဘောသားတွေတဲမှာ ...
  ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့အကျိုးတရားကို လက်ခံယုံကြည်ပြီး သရဏဂုံတည်နေတဲ့ သူတော်ကောင်းတစ်ယောက် ပါလာပါတယ်။
  ဦးရဲ့အ၀တ် သူ့ကိုပေးလှူခြင်းဖြင့် ဦးက ဒါနကုသိုလ် အရင်ယူထားလိုက်ပါ။
  ပြီးမှ ဦးရထားတဲ့ ဒါနကုသိုလ်အဖို့ကို ကျွန်မအတွက် ရည်မှန်းပြီး အမျှအတန်းပေးဝေလိုက်ပါ။
  ကျွန်မက ၀မ်းမြောက်စွာ သာဓုခေါ်ခြင်းဖြင့် လက်ခံယူလိုက်ပါ့မယ်။
  ဒါဆိုရင် ဦးပေးတဲ့အ၀တ်ထက် အဆပေါင်းများစွာကောင်းပြီးအဆပေါင်းများစွား များတဲ့ အ၀တ်အထည်တွေ ကျွန်မ ရပြီပေါ့ရှင် ”


ဗိမာန်ရှင် အမျိုးသမီးလေး ညွှန်ကြားတဲ့အတိုင်း သူတော်ကောင်း သင်္ဘောသားကို ကျန်သင်္ဘောသားတွေက နံ့သာရည်တွေနဲ့ ရေချိုးပေးကြ၊

သင့်တော်တဲ့ ၀တ်စုံတစ်စုံ ၀တ်ဆင်ပေးကြ၊  အနံ့အရသာနံ့ ပြည့်စုံတဲ့ စားဖွယ်သောက်ဖွယ်တွေ ကျွေးမွေးကြပြီး ဒါနကုသိုလ်တွေ အရင်ယူထားလိုက်ကြပါတယ်။

ပီးမှ သူမကို ရည်မှန်းပြီး အမျှအတန်း ပေးဝေလိုက်ကြပါတယ်။

သူမ သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် နတ်ပြည်က အ၀တ်အစားနဲ့ တူတဲ့ ၀တ်စရာမျိုးစုံ

နတ်ပြည့်က အစားအစာနဲ့တူတဲ့ စားစရာ မျိုးစုံ၊ ပြည့်ပြည့်စုံစုံ၊ ပိုပိုလျှံလျှံကြီး သူမ ရရှိသွားပါတယ်။
ပြိတ္တာနွယ်ဖွား တမလွန်သူ၊ တမလွန်သားတွေကို ဘာပစ္စည်းပေးပေး တိုက်ရိုက်ပေးလို့ မရပါဘူး၊
လက်နဲ့ကိုင်ပြီးပဲ ဖြစ်ဖြစ်၊ စားပွဲပေါ်၊ စင်ပေါ်၊ အုတ်ဂူပေါ် သွားတင်ပြီးပဲဖြစ်ဖြစ်၊
ပုံစံတူ ပစ္စည်းအတုတွေ၊စက္ကူတွေကို မီးရှို့ပြီးပဲဖြစ်ဖြစ် လုံးဝပေးလို့မရပါဘူး။
ပေးလို့ရတယ်လို့ ယုံကြည်ပြီး ပေးလည်း အဲဒီယုံကြည့်မှုဟာ တလွဲယုံကြည်မှု(အယူလွဲမှု) မျှသာ ဖြစ်တဲ့အတွက်
အချိန်ကုန်၊ လူပန်း၊ ငွေခန်းရုံကလွဲလို့ ဘာအကျိုးမှ မရှိပါဘူး။ ယုံတိုင်းဖြစ်တာမှမဟုတ်ဘဲ။

ဒါကြောင့် တမလွန်ရောက် ကျေးဇူးရှင်တွေကို တကယ်ကျေးဇူး ဆပ်ချင်တယ်၊
တမလွန်ရောက် ချစ်ခင်သူတွေကို တကယ် အကျိုးရစေချင်တယ်ဆိုရင် လွဲမှားတဲ့ ပေးနည်းမျိုးတွေကို ရှောင်ကြဉ်ပြီး
သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံတဲ့ ရဟန်းသံဃာ၊ သို့မဟုတ် လူဝတ်ကြောင်တွေကို မိမိပေးလိုရာ ပစ္စည်းများ ပေးလှူခြင်းဖြင့်
 ဒါနကုသိုလ်ကို တမလွန်ရောက် ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်ချစ်ခင်သူတွေကို အတိအကျ ရည်မှန်းပြီး အမျှအတန်း ပေးဝေလိုက်ပါ…..လို့။
အပ္ပမာဒေန သမ္မာဒေထ။
အင်တာဗျူးဂျာနယ်၊ ဖောဖော်ဝါရီ၊ ၇၊ ၂၀၀၁
သူငယ်ချင်းများသို့ အမှတ်တရဓမ္မဒါန။
ဇာလီထွန်း
ကမ္ဘာသစ်မှ ကူးယူဖော်ပြသည်။

" ဗေဒင်နော် ....စိတ်ဝင်စားရင် တွက်ကြည့်လိုက်ပါ လွယ်ပါတယ် "

က 1
 ခ 2
 ဂ 3
ဃ 4
 င 5
 စ 6
ဆ 7
 ဇ 8
 စ် 9
ည 10
 ဋ 11
 ဌ 12
 ဍ 13
 ဎ 14
ဏ 15
တ 16
ထ 17
 ဒ 18
 ဓ 19
 န 20
 ပ 21
 ဖ 22
 ဗ 23
ဘ 24
 မ 25
ယ 26
 ရ 27
လ 28
 ၀ 29
သ 30
ဟ 31
 ဠ 32
အ/ဥ 33

ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက် ရေးထားပေးပါတယ်။
အဆင့် 1
မိမိ နာမည်ကို ပေါင်းပါ။( နာမည်အရှေ့က... မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေ
ထည့်တွက်စရာ မလိုပါ )
( ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ
ယူရမှာဖြစ်ပါတယ်။)

အဆင့် 2
မိမိချစ်သူ နာမည်ကိုပေါင်းပါ။

အဆင့် 3
မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။

အဆင့် 4
နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။

အကြွင်း ၁ ကြွင်းလျှင်။ အသက်မက ချစ်ကြမည်။
အကြွင်း ၂ ကြွင်းလျှင်။ ။ ရင်နာစရာ ကြုံရမည်။
အကြွင်း ၃ ကြွင်းလျှင်။ ။ ဘ၀ဖူးစာဖက်များ ဖြစ်သည်။
အကြွင်း ၄ ကြွင်းလျှင်။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။
အကြွင်း ၅ ကြွင်းလျှင်။ ။ အစက ချစ်လည်း .. နောင် မုန်းမည်။
အကြွင်း ၆ ကြွင်းလျှင်။ ။ တစ်ဦးက တစ်ဖတ်သက်သာ ချစ်ရရှာသည်။
အကြွင်း ၇ ကြွင်းလျှင်။ ။ ချစ်သော်လည်း မညားကြချေ။
အကြွင်း ၈ ကြွင်းလျှင်။ ။ မိဘများက သဘောမတူကြချေ။
အကြွင်း ၀ ကြွင်းလျှင်။ ။ ဘယ်လိုမှ အပ်စပ်လို့ မရနိုင်ပါဘူးတဲ့ ။

သူငယ်ချင်းများအားလုံး ........အဆင်ပြေနိုင်ပါစေဗျာ ............
မှတ်ချက်။ ။ စိတ်ဝင်စားဖို့ ကောင်းလို့  feature dream မှကူးယူတင်ပြပါတယ်
v i v a l i b r a 2

( Gtalk ဆိုင်ရာ ) ဘယ်သူတွေကိုယ်ကို block လုပ်ထားလဲသိချင်လား

ဘယ်သူတွေကိုယ်ကို block လုပ်ထားလဲသိချင်လား

Gtalk မှာ ကိုယ် မ chat ချင်တဲ့ /မကျေနပ်တဲ့ သူကို block
လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို
ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့
သိပ်ကျေနပ်တာမဟုတ်ဘူး။)
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ ရပါတယ်။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို 'Send voicemail' button ကိုနှိပ်ပြီး call
လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail'
button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့
 'The person you are trying to reach is unavailable. Please leave a
message...' ဆိုတဲ့ အသံမျိုး
  ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။
  အဲလို မဟုတ်ပဲ ခေါ်လိုက်တာနဲ့ ကျ ကျ သွားတယ်၊ ဘာသံမှလည်း မကြားရဘူး ဆိုရင်တော့...
  စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
  ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ရအောင်နော်...
Forward mail.........

( အက္ခရာဗေဒင် ) ကိုယ့်နာမည်ရဲ့ အဓိပ္ပါယ်ကို ကြည့်ကြမယ်

ဒီတခေါက်တော့ နာမည်ကို ကြည့်ပြီး ကိုယ့်စရိုက်ကိုယ် ဆန်းစစ်ကြည့်ကြမယ်ခင်ဗျာ။
ကျနော် စမ်းကြည့်တာတော့ မှန်သင့်သလောက် မှန်နေပါတယ်။
စိတ်ဝင်စားကြမယ် ထင်ပါတယ်။
ဥပမာ . သင့်နာမည်က Zin Zin ဆိုပါတော့ .. ဒါဆို...

Z = သင်ဟာအမြဲတမ်း တယောက်ယောက်နဲ့၇န်ဖြစ်နေရမှနပ်တယ်။
I = သင်.ဟာ အမြဲတမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ။်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတတ်သူ။

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်မှာ ဖော်ပြထားတဲ့ A ကနေ Z ထဲ က
သာရှာကြည့်ကြပေတော့...

A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံတခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင့်ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေးပါတယ်
G = သင်ဟာ လူတွေကို အကဲခတ် အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူတွေကို သင် အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင့်ကိုယ်သင် အားလုံးနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ မှတ်ယူထားတယ်
V = သင့်ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာ မကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ အများကြီးရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲတမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

ကဲ.......................တိုက်ဆိုင်ကြမယ်
ထင်ပါတယ်...ပျော်ရွှင်ကြပါစေ..........
( forward mail မှ ဖြစ်ပါသည် )

Sunday, December 19, 2010

နည်းပညာကို လွဲမှားစွာ အသုံးချသူများ

နည်းပညာကို လွဲမှားစွာ အသုံးချသူများ
တိုင်းပြည်တပြည် အဖက်ဖက်က နိမ့်ကျနေသည့် အချိန်တွင် ပြန်လည်တိုးတက် ကောင်းမွန်လာအောင် ကြိုးစားကြမည် ဆိုလျှင် ...
လူငယ်များ၏ အခန်းဂဏ္ဍသည် အရေးပါသည့် နေရာမှ ပါဝင်လာကြသည်ကို မည်သူမျှ မငြင်းနိုင်သည့် ဘဘာဝအမှန်တရား ဖြစ်သည်။
ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် ဆိုရိုးစကားအတိုင်း သက်ဆိုင်ရာအလုပ်နေရာ ဌာနအသီးသီးတွင်...
ယနေ့လူငယ်များသည် လက်ရှိ လူကြီးများ၏ နေရာသို့ အစားထိုးဝင်ရောက် လုပ်ကိုင်ကြသည်မှာလည်း ထုံးစံပင်ဖြစ်လေသည် ။
ထို့ကြောင့် တိုင်းပြည်တပြည်အတွက် လူငယ်များ၏ အခန်းဂဏ္ဍ အလွန်ရေးကြီးသည် ဟု လက်ခံထားလျှင်

ထိုလူငယ်များ၏ ၊ စာရိတ္တ နှင့် အသိ ညဏ်ပညာ တိုးတက်ကောင်းမွန်ဖို့ အထူးလိုအပ်သလို

အလုပ်လုပ်ရာတွင် တက်ကြွစွာ လုပ်ကိုင်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင်

အထူး ကြံစည် ဆောင်ရွက်သင့်ပေသည်ဟု နိုင်ငံတကာမှ ပညာရှင်များက တညီတညွတ်တည်း လက်ခံထားကြလေသည် ။


ကျွန်ူပ်တို့တိုင်းပြည်သည် လက်ရှိအနေအထားတွင် ....

နိုင်ငံတကာမှ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို အသာထား... ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာ နောက်ကျကျန်နေခဲ့ပေပြီ ။
ယနေ့ခေတ် အချိန်အခါသည် နည်းပညာ၏ အကူအညီကြောင့် ကမ္ဘာသည် ရွာပမာပင် ဖြစ်လာသည်ဟု လူအများက တင်စားခေါ်ဆိုကြသည်။
ထိုသို့နည်းပညာ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ယဉ်ကျေးမှုတို့ ထိစပ်လာကြသည် ။
အသိညဏ်ဖွံ့ဖြိုးတိုးတက်ပြီးလူငယ်များသည် နည်းပညာကိုအသုံးချကာ မိမိတို့ဘ၀ တိုးတက်ကောင်းမွန်ရေးအတွက် အသုံးချကြသလို...
အချို့ကား နည်းပညာ၏ သားကောင်များ ဖြစ်သွားကြလေသည် ။
မြန်မာပညာရေးစနစ်၏ အားနည်းချက်ကြောင့် ယနေ့လူငယ်များ အသိညဏ်ပိုင်းဆိုင်ရာ အားနည်းနေသည်ကို ၀ိုင်းဝန်းဖေးမကာ

မိမိတို့ တတ်ကျွမ်းသော ပညာများဖြင့် ကူညီဖေးမကြရမည့် အချိန်တွင် အချို့သော လူများသည်....
နည်းပညာကို အသုံးချ၍ လူငယ်များကို လမ်းမှားသို့ရောက်အောင် တွန်းပို့လျှက်ရှိပေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရလေသည် ။
ထိုသူများကား မြန်မာနိုင်ငံသား စစ်စစ် Porn Blogger များပင် ဖြစ်လေသည် ။
အသိညဏ် ယိုင်နဲ့မှု ကြောင့် မြန်မာ့လူငယ်များ စာရိတ္တတို့ ယိုင်းယိုင်နေချိန်တွင် သူတို့လုပ်ဆောင်ချက်သည် ....
ချောက်ထဲကို ကျလုကျခင် ဖြစ်နေသော လူငယ်များကို ကူညီ၍ တွန်းချပေးလိုက်သလို ဖြစ်သွားသည် ။

လူငယ်များသည် အချိန်တန် အရွယ်ရောက်လာလျှင် မိမိတို့ ဘ၀ တိုးတက်ကောင်းမွန်ရေးနှင့်

သဘာဝက တောင်းဆိုလာသော စိတ်ဆန္ဒ အာသီသတို့ကြောင့် ဘ၀လက်တွဲဖော်ကို ရှာဖွေလိုခြင်း ဆိုသည့် စိတ်နှစ်ခုသည်

လူငယ်များ၏ နှလုံးသားနှင့် အသိညဏ်တွင် ကိန်းအောင်းနေသည့် အင်အားအကြီးဆုံး အရာနှစ်ခု ဖြစ်သလို

ထူးခြားသော ပြိုင်ဘက်များ ဖြစ်နေသည်ဟု ပညာရှင်တို့က သုတေသနပြု၍ ဖော်ထုတ်ထားကြပေသည် ။
မိဘတို့သည် သူတို့ ရင်သွေးငယ်လေးများ၏ ဘ၀ တိုးတက်မြင့်မားရေးအတွက် မျှော်မှန်းကာ ပညာသင်ပေးကြလေသည် ။

ထိုသို့မျှော်လင့်ချက်ကြီးစွာထား၍ ပညာသင်ပေးနေသည့် အချိန်တွင် ခေတ်၏ အခြေအနေနှင့် စနစ်တခု၏ ဆိုးကျိုးကြောင့်

ဘွဲ့ရပညာတတ်များ အလုပ်လက်မဲ့ ဖြစ်နေသည်ကို မြင်တွေ့ရသည့် ကျောင်းသားလူငယ်များ၏ ရည်ရွယ်ချက်ပန်းတိုင်သည် မှုန်ဝါးလာစေသည် ။
လူငယ်တို့ သဘာဝ တိုးတက်မြင့်မားလို၍ ပညာသင်ယူကြသော်လည်း ...

မအောင်မရှိ ပညာရေးစနစ်နှင့် ပညာရေးအာမခံချက် နည်းပါးမှုတို့က လူငယ်များ၏ ကြိုးစားချင်စိတ်ကို ဖျက်စီးလိုက်ကြသည် ။
ထိုအခါ ဘ၀ တိုးတက်ရေးအတွက် ကြိုးစားချင်စိတ် ကုန်ခမ်းလာသော လူငယ်များသည်

ဘ၀ လက်တွဲဖော်ကို ရှာဖွေလိုသည့် ဆန္ဒအာသီသတို့ဘက်တွင် စိတ်အားပြင်းထန်စွာ ပိုမို အားထုတ်လာကြသည်။
အထူးသဖြင့် ထိုကိစ္စများတွင် ယခင်က ယောက်ျားလေးများတွင် အဖြစ်များခဲ့သော်လည်း ...
အခုလက်ရှိ အနေအထားအတွင် မိန်းကလေးများသည်လည်း ပါဝင် ပက်သက်လာကြလေသည် ။
ထိုသို့ သဘာဝတရား လွဲမှားစွာ ကြိုးစားအားထုတ်မှုကို မဟုတ်မမှန်သည့် နည်းလမ်းများဖြင့် ဆောင်ရွှက်နေသည့်....
လူငယ်များ၏ ဘ၀အနာဂတ်ကား ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ်သည့် အနေအထားကို ရောက်မှန်းမသိ ရောက်နေကြလေသည်။
ကိုယ်ပိုင် အသိညဏ် အားနည်းသောအခါ အကျိုးအကြောင်းကို ယှဉ်တွဲ၍ မစဉ်းစားတတ်ခြင်းတို့ကြောင့်....
အယူလွဲမှားကာ အရှက်အကြောက်တရားကို နားလည်မှု တွေ လွဲမှားကုန်ကြလေသည် ။
ဘ၀ အခက်အခဲတွေ ကြောင့် သောကဒဏ်ရာများစွာကို ရင်မှာပိုက်ထားရတဲ့ မြန်မာ့လူငယ်လေးတွေဟာ ....
တဒင်္ဂ သာယာမှုအတွက် တဘ၀စာ ပျော်ရွှင်မှု တို့ကို လှဲလှယ်နေတဲ့ လုပ်ရပ်တွေကို ထွက်ပေါက်အဖြစ်

မှားယွင်းတဲ့ ရှုထောင့်ကနေ မသိစိတ်က ပျော်ရွှင်စွာ လုပ်ဆောင်နေကြပါတယ် ။

ဒီလိုတွေ မှားယွင်းနေတာကို ၀မ်းရေးအတွက် ခက်ခဲစွာ ရုန်းကန်လုပ်ရှားနေကြတဲ့ မိဘတွေက မသိလိုက်ကြတဲ့အခါ ....
ကိုယ့်ဘ၀တင် မကဘူး ၊ မိသားစုရဲ့ အရှက်နှင့် သိက္ခာတရားကို လှဲလှယ်တဲ့ လုပ်ရပ်များမှာ

မသိစိတ်နဲ့ ပျော်ရွှင်မြူးတူးဖြစ်နေတာကို ကျနော်မြင်ရတာ ရင်နင့်နေအောင် ခံစားရလို့ သတိပေးချင်တဲ့စေတနာနဲ့ ဒီစာကို ရေးသားလိုက်တာပါ။
ကိုယ့်ဘ၀ က ကံကြမ္မာ မကောင်းခဲ့လို့ ဒုက္ခဆိုးတွေကို ရင်နင့်နေအောင် ခံနေကြရတဲ့ အချိန်မှာ ...
ဘ၀ တိုးတက်ဖို့အတွက် အားကိုးလိုတဲ့ စိတ်ဆန္ဒနဲ့

အိမ်ထောင်ဖက်ကို ရှာတဲ့နေရာမှာ လွဲမှားစွာ ယူဆနေတာလေးကို တွေ့ ရလို့  မိန်းကလေးများကို အထူးသတိပေးလိုပါတယ်။
ပန်းတပင်က ပန်းပွင့်တပွင့်ကို ခူးဆွတ်လိုက်ပေမယ့် အခြားပန်းပွင့်တွေ ပြန်ပွင့်မယ်လို့ မျှော်လင့်လို့ရပါသေးတယ်။
ဒါပေမယ့် မိန်းကလေး တစ်ယောက်ရဲ့ ဘ၀မှာ တခါသာ ပွင့်လန်းခဲ့တဲ့ အပျိုစင်ဆိုတဲ့ ပန်းလေးကတော့....
ကြွေကျပြီးရင် နောက်ထပ်  မျှော်လင့်လို့ မရတော့ပါဘူး ဆိုတာ လေးနက်စွာ စဉ်းစားပြီး တန်ဖိုးထားစေချင်ပါတယ် ။
ကိုယ့်ကို တကယ်မြတ်နိုး တန်ဖိုးထားတဲ့ ချစ်သူကို လိုချင်တယ်ဆိုရင် ထိုက်သင့်တဲ့ မိန်းကလေး မာန ရှိရတယ်ဗျ ။
ကိုယ့်ချစ်သူရဲ့ စိတ်ဆန္ဒကို အမြဲ အလိုလိုက် အကြိုက်ဆောင်နိုင်မှ စစ်မှန်တဲ့ အချစ်ကို ရတယ် ဆိုတဲ့ အတွေးအခေါ်ကို ရဲရဲကြီး စွန့်ပယ်လိုက်ပါ။
တကယ့် စစ်မှန်စွာ မေတ္တာရှိတဲ့ ယောက်ျားလေး တစ်ယောက်က သူတို့ တန်ဖိုးထား မြတ်နိုးစွာ ချစ်လိုတဲ့ မိန်းကလေးမှာရှိတဲ့ ...

ထားသင့် ထားထိုက်တဲ့ မာနလေးတွေ ရှိတာကို နှစ်ခြိုက်လေ့ရှိတယ် ဆိုတာ ယုံကြည်စေချင်ပါတယ် ။
ချစ်သူဘ၀မှာ မလိုက်လျောသင့်တာကို လွယ်ကူစွာ လိုက်လျောခဲ့ရင် ...
ချစ်ခင် လေးစားပြီး ပျော်ရွင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ဖက် ဖြစ်လာဖို့ သိပ်ကို ခက်ခဲသွားပါလိမ့်မယ်။
အိမ်ထောင်ဖက် ဖြစ်လာခဲ့ရင်လည်း သာယာတဲ့အိမ်ထောင်ဖက် ဖြစ်ဖို့ထက် ....
မသကာင်္တဲ့စိတ်ထားနဲ့ အမြဲသတိထားတတ်တဲ့ အိမ်ထောင်ဖက်မျိုး အဖြစ်များတယ်ဆိုတာ သတိထားစေချင်ပါတယ် ။
တဦးနဲ့ တစ်ဦး လေးစားချင်ခင်မှု ၊ အပြန်အလှန် နားလည်ပေးမှု ၊ သစ္စာစောင့်သိမှု အစရှိတဲ့
စစ်မှန်တဲ့ မေတ္တာကို အခြေခံထားကြမှ သာယာ လှပတဲ့ အိမ်ထောင်ရေး တစ်ခုကို စိတ်ချမ်းသာ စွာ တည်ဆောက်နိုင်မှာပါ ။
ဘ၀လက်တွဲဖော်ကို တခဏတာအပျော်လို ဇောဆန္ဒအတွက် ညစ်ညမ်းနဲ့လုပ်ရပ်တွေနဲ့ အရောင်ဆိုးလိုက်ကြရင် နှစ်ဦးနှစ်ဘက်လုံး နစ်နာလွန်းလှပါတယ်။
မြင့်မြတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ မေတ္တာရေးရာမှာ မလိုလားအပ်တဲ့ တောင်းဆိုမှုတွေပါလာရင် မိန်းကလေးတွေအနေနဲ့သတိမြဲမြဲထားကြပါ။
တကယ် စစ်မှန်တဲ့ ချစ်ခြင်းတရားမှာ နားလည်မှုဆိုတာ သူ့အလိုလို ကပ်ပါလာပြီးသားပါ ။

ယောက်ျားလေးတစ်ယောက် အနေနဲ့လည်း ဘ၀လက်တွဲဖော်ကို ရှာဖွေတဲ့နေရာမှာ ...
သူက ကိုယ့်ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ညစ်ညမ်းစာအုပ်တွေ ၊ ဗီ်ွဒီယိုတွေထဲက အကြောင်းအရာတွေနဲ့ မစမ်းသပ်ကြပါနဲ့။
ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးကို ကိုယ့်ပတ်ဝန်းကျင်က လေးစားချစ်ချင်လာအောင် ကိုယ်တိုင်က မြတ်နိုးတန်ဖိုးထားရမှာပါ။
နည်းပညာ ဖွံ့ဖြိုး တိုးတက်လာတာဟာ ကိုယ်ကျင့်တရားတွေကို နွမ်းပါးဖို့အတွက် မဟုတ်ဘူးဆိုတာ ဆင်ခြင်စေချင်ပါတယ်။
ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ယောက်ျားကောင်းဆိုတာ ယုတ်ညံ့သေးသိမ်တဲ့ စိတ်ထားတွေ ကင်းဝေးနေပါတယ် ။
ဒီနေ့ နိုင်ငံတကာမှ ခေတ်စားနေသလို မြန်မာလူငယ်တွေ ကြားမှာ ခေတ်စားနေတဲ့....
living together ဆိုတဲ့ စကားလုံးဟာ မကောင်းဆိုးဝါး အယူဝါဒ တခုပါ ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ကျင့်သုံးရမယ့် အလေ့အထ မဟုတ်ပါဘူး။
အခြားဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတွေမှာ အိမ်ထောင် မရှိဘဲ ကလေးမွေးကြတာ သိပ်မဆန်းပေမယ့်...
မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် အနေအထားမှာ ဘယ်သူမှ လက်မခံနိုင်ကြပါဘူး ဆိုတာလေးကို သတိထားစေချင်ပါတယ် ။
ကံကြမ္မာ ဆိုတာ အလှည့်အပြောင်း ရှိပါတယ် ။
မိမိတို့ ချစ်သူနှစ်ဦး အရမ်းချစ်ကြတယ် ...
တကယ်လည်း ယူမယ်လို့ ဆုံးဖြတ်ထားကြပေမယ့် ကံကြမ္မာက ရက်စက်လို့ ကွဲကွာခဲ့ရတဲ့ ချစ်သူ စုံတွဲတွေလည်း အများကြီးပါ ။
ကိုယ်တိုင် မြတ်နိုး တန်ဖိုးထားပြီး ပန်ဆင်မယ်လို့ စိတ်ကူးနဲ့ အချိန် မကျခင် ကြိုပြီး ခူးဆွတ်ကြမယ် ဆိုရင်

ပန်းပွင်လေးတွေမှ ပြည့်စုံလှပတဲ့ ဂုဏ်ဒြပ်နဲ့သင်းပျံ့တဲ့ မွှေးရနံ့နဲ့ပန်းပွင့်လေးကို ပန်ဆင်ခွင့်မရဘဲ

ခြွေချဖျက်စီး နင်းခြေ လိုက်သလို ဖြစ်သွားတတ်ပါတယ် ။
အဲဒီ living together ကြီးက လူငယ်တွေကို ဖျက်စီးဖို့ အားမရသေးတော့ အခုနောက်ပိုင်း ထပ်မံ ရေပန်းစားလာတာက ....
တစ်ယောက်နဲ့တစ်ယောက် ညစ်ညမ်းတဲ့ ပုံရိပ်တွေကို အသုံးပြု ဖြော်ဖြေမှု video chat များနဲ့

ကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားတဲ့ ညစ်ညမ်း video တွေ လူငယ်ထုကြားမှာ ပြန့်နှံ့နေတာတွေကို ၀မ်းနည်း ရင်နင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။
ချစ်သူတွေ ဘ၀မှာ အတင့်ရဲ့စွာ မလိုက်လျောခဲ့သင့်တာတွေကို လိုက်လျောခဲ့တဲ့ အတွက် ဘ၀ ပျက်သွားခဲ့တဲ့ မိန်းကလေးတွေ အများကြီးပါ။
ကျနော် စိတ်ထဲရှိတာကို ပြောရရင် အခုလို ချစ်သူစုံတွေထဲကြားမှာ ဒီကိစ္စကြီးတွေ ရေပန်းစားလာတာကို

တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေအနေနဲ့ တားဆီးသင့်တယ်လို့ ထင်မြင် ယူဆမိပါတယ် ။
မိန်းကလေးများအနေဖြင့်လည်း သတိထား ဆင်ခြင်သင့်ပါတယ် ။
ကိုယ့်နဲ့အပြင်မှာတောင် တွေ့ပြီးနေပြီဘဲ ဓါတ်ပုံတွေ ၊ video မှတ်တမ်းတင်ခွင့်ကို တမင်ဘဲ ခွင့်ပြုတာလား ၊
ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ကိုယ့်ချစ်သူကို ယုံကြည်လို့ဘဲလား ဆိုတာတော့ မသိဘူး ၊
သေချာတာတခုက အဲဒီလို ခွင့်ပြုလိုက်ခြင်းဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာတင် မကပါဘူး ၊
မိမိရဲ့  မိသားစုရဲ့ ဂုဏ်သိက္ခာပါ အဖတ်ဆည်လို့ မရအောင် ကျဆင်းသွားစေတယ်ဆိုတာ လေးလေးနက်နက် စဉ်စားစေချင်ပါတယ် ။
နောက်တချက် ဒီလိုလုပ်ရပ်တွေဟာ ပြည့်တန်ဆာတစ်ယောက်ထက်တောင် အောက်တန်းကျတယ် ဆိုတာ သတိထားစေချင်ပါတယ်။
ပြည့်တန်ဆာ မိန်းကလေးတောင် သူနဲ့ အပျော်ရှာနေသူကိုဘဲ ဖျော်ဖြေမှု ပေးတာပါ ။
အခုကတော့ လူတိုင်းရဲ့ စိတ်ဓါတ်တွေကို ညစ်နွမ်းအောင် လုပ်ဆောင်နေတဲ့ အလုပ်ကြီးကို မြိန်ရှက်စွာ လုပ်ဆောင်နေတာကို ....
ဘာသာတရား ရှုထောင့်ကနေ ကြည့်ရင် အင်မတန်ကြီးတဲ့ အကုသိုလ်အလုပ်ကြီး ဖြစ်သလို ....
လူမှုရေးရှုထောင့်က ပြန်ကြည့်ရင်လည်း အင်မတန်ကို ယုတ်ညံ့သေးသိမ်တဲ့ စိတ်ထားနဲ့ လူငယ်တွေကို ဖျက်စီးလိုက်သလို ဖြစ်နေပါတယ် ။
ကိုယ်တစ်ယောက်တည်းတောင် စိတ်နဲ့ကိုယ် တထပ်တည်း မကျနိုင်တဲ့လူသားတွေ ဘ၀မှာ

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူ ဘ၀မှာ အယုံလွန်ပြီး တဒင်္ဂ သာယာမှုအတွက် မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်နေတာကို

အသိညဏ်လေးတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားတတ်ကြအောင် ၀ိုင်းဝန်း တားဆီးပေးကြဖို့ မိတ်ဆွေတို့ကို မေတ္တာရပ်ခံချင်ပါတယ် ။
ကိုယ်ရဲ့ ပုံရိပ်စစ်ကို အပြင်မှာ တွေ့ပြီးတာတောင် မှတ်တမ်းတင်ထားချင်ပါတယ်ဆိုတဲ့

ယောက်ျားတစ်ယောက်ရဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို သတိထားကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။
နံမည်ကြီး အနုပညာရှင်များ အနေဖြင့်လည်း အနေအထိုင် အပြုအမူ အပြောအဆိုတွေ ဆင်ခြင်သင့်ပါတယ် ။
နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ၀တ်စားဆင်ယင်ပုံ ၊ ပြုမူ ပြောဆို နေထိုင်ပုံတွေကို
လူငယ်တွေက စံပြ နံမူနာ ထားပြီး အတုယူ နေကြတာပါ ။
အဲဒီတော့ နံမည်ကြီးလိုတာနဲ့ အဖော်အချွတ် အသားပေး ပုံရိပ်တွေကို အသုံချပြီး ....
လူငယ်တွေကို လမ်းမှားရောက်အောင် ပို့ဆောင်နေတာ အနုပညာရှင်တို့ရဲ့ လုပ်ရပ်မဟုတ်ပါဘူး ။
မင်းသမီးတယောက် စကန်းလိုးရှင်း( Skin Lotion ) လိမ်းလို့ နံမည်ကြီးတာကို အခြားလူတွေက ၀ိုင်းဝန်းဟန့်တားကြမယ်hအစား ...
သူက လိုးရှင်းလိမ်းရင် ငါတို့ကလည်း အားကျမခံတဲ့ စိတ်ဓါတ်နဲ့ လိုက်ပြိုင်နေကြတာ

စစ်မှန်တဲ့ အနုပညာ မဟုတ်ပါဘူး ဆိုတာ အနုပညာရှင်များ ကို လေးစားစွာ အသိပေးလိုပါတယ် ။
စနစ်တခု၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ယိုင်နဲ့နေတဲ့ လူငယ်တွေရဲ့ ကိုယ်ကျင့်တရားကို
အနုပညာရှင်များက ပြန်လည် တည့်မတ်ပေးနိုင်အောင် ကြိုးစားပေးကြပါ ။
တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး ဆိုတဲ့ ဦးတည်ချက်နဲ့ ချီတက်နေတဲ့ လက်ရှိအစိုးရရဲ့ လုပ်ရပ်သာ မှန်ကန်ခဲ့ရင်
အဲဒီလို လုပ်ရပ်တွေနဲ့လူငယ်တွေကို လမ်းမှားရောက်အောင် လုပ်ဆောင်နေတဲ့...

ကိုယ်တိုင် ရိုက်ကူး တည်းဖြတ် တင်ဆက် ပြသနေတဲ့ လူတွေနဲ့....
ဝိုင်းဝန်း ဖြန့် ဖြူးပေးနေတဲ့ ညစ်ညမ်း website များကို ထိရောက်စွာ အရေးယူပေးသင့်ပါတယ်။
မြင့်မြတ်တဲ့ ယောက်ျားဘ၀ကို ပိုင်ဆိုင်ထားပါလျှက်နဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို မွေးမြူနေကြတဲ့ ညီအစ်ကိုတွေအနေနဲ့လည်း

ကိုယ့်ရဲ့ နှမ ၊ အစ်မတွေနဲ့ နှိုင်းယှဉ်ပြီး ယုတ်မာတဲ့ စိတ်ဓါတ်တွေကို ဖျောက်ပြီး ကိုယ်ချင်းစာ စိတ်လေးတွေ မွေးစေချင်ပါတယ် ။
ယူတာ မယူတာ အပထား ၊ ကျောရရုံတော့ မကြံကြပါနဲ့ ။ ပန်းကောင်း အညွန့်ချိုး မလုပ်ကြပါနဲ့ ။
ဒီနေ့ခေတ်နဲ့ ဒီချိန်ခါမှာ ဒီလို အလုပ်တွေကို အချိန်ပေးပြီး လုပ်ကြမယ့်အစား အကျိုးရှိတဲ့ အလုပ်ကို လုပ်စေချင်ပါတယ်။
တိုင်းပြည် အဘက်ဘက်က နိမ့်ကျလို့  နိုင်ငံတကာအလယ်မှာ မျက်နှာငယ်နေရတဲ့ အချိန်အခါမှာ ...
လူငယ်တွေရဲ့ အကျင့်စာရိတ္တကို ပျက်ပြားစေမယ့် ဒီလို ညစ်ညမ်းမှုတွေ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သူများနဲ့

ကူညီဖြန့်ဖြူးပေးသူများအနေနဲ့  ဒီလို အကျိုးမရှိတဲ့လုပ်ရပ်တွေကို ရပ်တန့်ပေးကြဖို့ အထူးလေးစားစွာ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ် ။
ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်မှာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေဖို့ အတွက်ဆို

လူငယ်တွေကို အဓိကထား တည်ဆောက်ရမယ်လို့ ယုံကြည်ထားတဲ့ ကျနော် အနေနဲ့ ဒီလို စာမျိုးကို ရေးသင့်တယ်လို့ ယူဆလို့ရေးလိုက်တာပါ။
စနစ်တခုရဲ့ ဆိုးကျိုးကြောင့် အနာဂတ်အလင်းရောင် ပျောက်ဆုံးနေတဲ့ လူငယ်တွေဘ၀ကို

ထပ်မံပြီး မှောင်မိုက်အောင် လုပ်နေတဲ့အခုကိစ္စကြီးဟာ တိုင်းပြည်တပြည်ရဲ့ အနာဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
လူငယ်တွေ အနေနဲ့လည်း တဘ၀လုံး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ဖို့အတွက် တခဏတာ သာယာမှုတွေကို ရှောင်ရှားကြကာ

မိမိတို့ဘ၀ တိုးတက်ကောင်းမွန်ရေး အတွက်သာ တစိုက်မတ်မိတ် ကြိုးစားဆောင်ရွက်ကြပါ ။
အဓိက အရေးကြီးတဲ့ ဘ၀ အခြေခံရပ်တည်မှု ခိုင်မာမှု ရှိအောင် အရင်ဆုံး မလုပ်ဆောင်ဘဲ

ဒီလို တခဏ ပျော်ရွှင်စရာတွေ နောက်ကို မိန်းမောစွာ လိုက်ပါနေကြရင် တသက်တာလုံး

နောင်တ ဆိုတဲ့ စကားလုံးကြီးကို ရင်မှာပိုက်ပြီး ဘ၀ ခရီးလမ်းကို ခက်ခဲစွာ ဖြတ်သန်းကြရပါလိမ့်မယ် ။
အားလုံးရဲ့ အနှစ်ချုပ်ကို ပြန်ကြည့်လိုက်ရင် နိုင်ငံတကာမှ တက္ကသိုလ်ကျောင်းသားအများစုဟာ .....
အချိန်ပိုင်းအလုပ်တွေ ၀င်ရောက်လုပ်ကိုင်ကြရတဲ့အတွက် မိမိတို့ကျောင်းစားရိတ်ကို

တဖက်တလမ်းက အထောက် အကူ ပြုစေနိုင်သည် သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိသည့်အပြင်
စိတ်ကူးယဉ် ဇတ်လမ်းတွေနဲ့ အချိန်ဖြုန်းစရာလည်း မလိုတော့ပါဘူး ။
သက်ဆိုင်ရာ အာဏာပိုင်နဲ့ ပညာရှင်များကလည်း လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း
စာရိတ္တ မြင့်တင်ရေး ဆွေးနွေးဟောပြောချက်များ ကူညီ၍ ပို့ချခြင်း ၊
လူငယ်တွေ အနာဂတ်အတွက် ဘယ်လို စီမံကိန်း ချသင့်သလည်း ဆိုတာကို အထူးအလေးပေးပြီး ဆောင်ရွက်ပေးစေချင်ပါတယ်။
လက်ရှိ ကျနော်တို့ နိုင်ငံ ပကတိ အနေအထားက ....
ဘယ်သူမှ ငြင်းလို့ မရနိုင်အောင် တော်တော်လေးကို ပျက်စီးနေပါတယ် ဆိုတာ အသိညဏ် ရှိသူတိုင်း လက်ခံနိုင်ကြမှာပါ ။
ဒီလို အခြေအနေမျိုးမှာ လူငယ်တွေကသာ ရုန်းကန် လုပ်ရှားမှု မလုပ်ချင်ကြဘဲ ရေစုန်မြောလိုက်နေကြရင်

နောင်အခါဝယ် မြန်မာနိုင်ငံသားဆိုတာ ဒီထက် ပိုပြီး မျက်နှာငယ်ကြရပါလိမ့်မယ် ။
သစ်ပင်တပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မရတဲ့ နေရာမှာ ထားကြည့်တဲ့အခါ အဲဒီ သစ်ပင်ဟာ ...
နေရောင်ခြည်ရှိရာကို တစိုက်မတ်မတ် ချည်းကပ်နေကြပြီး သူတို့ဘ၀ ဆက်လက်ရှင်သန်ကြီးထွားဖို့ကို ....

အတုယူစရာ အဖြစ် သဘောထားပြီး ဒီနေ့မြန်မာနိုင်ငံက လူငယ်လေးများအနေဖြင့်လည်း ...

အသိညဏ် အမှောင်ချခံထား၇တာက လွတ်မြောက်အောင် ပညာညဏ် အလင်းရှိရာကို အထူးကြိုးစား လျှောက်လှမ်းပြီး.....
ယခုခံစားနေရတဲ့ ဒုက္ခဆိုးကြီးတွေက ရုန်းထွက် လွတ်မြောက်နိုင်အောင် ကြိုးစားပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးရင်း...
နောင်အနာဂတ်မှာ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အမျိုးကောင်းသား အမျိုးကောင်းသမီးများအဖြစ် ...

ထာဝစဉ် ရပ်တည်နိုင်အောင် ကြိုးစားကြကာ မြင့်မြတ်သော ကိုယ်ကျင့်တရားကို ..

ဂုဏ်ယူစွာ ပန်ဆင်လျှက် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးဆီသို့  ပျော်ရွှင်စွာ ချီတက်ကြပါစို့ .............။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

အင်တာနက်ချစ်သူ မှကူးယူဖော်ပြသည်။